缅甸猛找

 找回密码
 立即注册
搜索
热搜: 活动 交友 discuz

缅甸财长参加东盟财长会议,明年缅甸经济有望增加2-3%

[复制链接]
发表于 2021-10-26 02:34:06 | 显示全部楼层 |阅读模式
内比都,10 月 21 日
内比都计划财政部副部长U Maung Maung Win于21日上午8时30分主持了由文莱达鲁萨兰国主办的东盟+ 3副财政部和中央银行副行长会议。
在上午的非正式会议上,国际货币基金组织(IMF);东盟 + 3 宏观经济研究办公室 (AMRO) 和亚洲开发银行 (ADB) 的官员概述了全球和亚洲经济。
新冠肺炎大流行继续影响全球经济。由于生产链的暂时中断,通货膨胀正在上升。食品和燃料价格上涨也推高了通货膨胀。因此,公共债务和私人债务显着增加。许多国家已经开始接种疫苗,但疫情正在减缓经济复苏。疫苗接种是经济复苏的关键。除了新冠肺炎流行病、气候变化;自然灾害;网络攻击和地缘政治危机,仍然是挑战。因此,他们讨论了为国家经济复苏制定适当政策的必要性。

目标正在实现
会上,吴貌貌温副部长表示,与其他国家一样,缅甸经济也受到Kovis-19的影响。世界银行 IMF、ADB 和 AMRO 的报告指出,缅甸的经济增长已显着放缓。不过,缅甸有望在2021-2022财年实现3.8%的经济增长率。作为新冠肺炎流行病控制和免疫计划的一部分,正在制定国家免疫计划。到今年年底,将会有一半 (50%)的人接种疫苗。缅甸于 2020 年 4 月启动了新冠肺炎经济救济计划 (CERP),现在正准备采用缅甸经济复苏计划 (MERP)。支持低收入人群作为 CERP 和 MERP 的受贿群体;扩大公共卫生系统;购买疫苗;建立检疫中心;其中包括向受新冠肺炎 疫情影响最严重的企业,提供低息贷款的计划。

缅甸目前处于紧急状态。以现代方法发展农业和畜牧业生产以及发展其他经济部门正在被列为经济目标。因此,国际货币基金组织的政策建议, AMRO 将采取的关键行动;他感谢亚投行对亚洲农业体系转型的政策。他建议这些政策和方法可以帮助该地区的经济复苏努力。
下午,正式会议讨论了东盟+3国家的政策问题和实施。讨论了接下来的步骤,缅甸参与了有关主题的讨论。
东盟+3财长和央行副行长会议的决定将提交2022年4月的东盟财长和央行行长会议批准。

原文:နေပြည်တော် အောက်တိုဘာ ၂၁  
အာဆီယံ+၃ နိုင်ငံများ၏ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး  ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အစည်းအဝေး၏ နံနက်ပိုင်း Informal Session တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊  အာဆီယံ+၃ မက်ခရိုစီးပွားရေး သုတေသနရုံး (AMRO) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ တာဝန်ရှိသူများက ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် အာရှဒေသစီးပွားရေးအခြေအနေများကို ခြုံငုံသုံးသပ် တင်ပြကြသည်။
သင့်လျော်သောမူဝါဒ ချမှတ်
ယင်းသို့ တင်ပြရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာ့စီးပွားရေးကို ဆက်လက်ထိခိုက်စေ လျက်ရှိကြောင်း၊ ထုတ်လုပ်မှုကွင်းဆက် ယာယီပြတ်တောက်ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိကြောင်း၊ ထို့ပြင် အစားအစာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းကလည်း ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေလျက် ရှိကြောင်း၊ ယင်းအကျိုးဆက်များကြောင့် ပြည်သူ့ကြွေးမြီနှင့် ပုဂ္ဂလိကကြွေးမြီများသည်လည်း သိသိသာသာ မြင့်တက်လာလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံအသီးသီးတွင် စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း ကပ်ရောဂါသည် စီးပွားရေးပြန်လည်ဦးမော့လာရေး ကြိုးပမ်းမှု များကိုတုံ့နှေးစေလျက်ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်းသည် စီးပွားရေးပြန်လည်ဦးမော့လာမှုအတွက် အဓိကအရေးပါလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပေါ်မှု၊ Cyber attacks နှင့် geopolitics များသည်လည်း စိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ အလိုက် စီးပွားရေးပြန်လည်ဦးမော့လာရေး ကြိုးပမ်းမှုများကို သင့်လျော်သောမူဝါဒ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြကြသည်။
ရည်မှန်းဆောင်ရွက်လျက်ရှိ
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရပါကြောင်း၊ ကမ္ဘာ့ဘဏ်၊ IMF, ADB နှင့် AMRO တို့၏ Macroeconomic Outlook Reports များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် သိသိသာသာ ကျဆင်းခဲ့သည်ကို ဖော်ပြထားပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၈) ရာခိုင်နှုန်းရရှိရန် မျှော်လင့်ထားပါကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု နှင့် ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ချက်များအဖြစ် နိုင်ငံတွင်းကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ယင်းသို့ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များကြောင့် ယခုနှစ်ကုန်တွင် ကာကွယ်ဆေးထိုးခွင့် ရှိသူအားလုံး၏ထက်ဝက် (၅၀ ရာခိုင်နှုန်း) ကို ထိုးနှံပေးနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 Economic Relief  Plan (CERP) ကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ Myanmar Economic Recovery Plan (MERP) ကို ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ CERP နှင့် MERP တို့တွင် Stimulus Package များအဖြစ် ဝင်ငွေနည်းပြည်သူများအတွက် ထောက်ပံ့မှုများ၊ ပြည်သူ့ကျန်းမာရေးစနစ် တိုးချဲ့ဆောင်ရွက်မှုများ၊ ကာကွယ်ဆေးဝယ်ယူမှုများ၊ Quarantine Centres များသို့ ပံ့ပိုးမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံး ခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်း သက်သာသောချေးငွေများ ထုတ်ချေးမည့်အစီအစဉ်များ ပါဝင်ပါကြောင်း။
မြန်မာနိုင်ငံသည် လက်ရှိတွင် အရေးပေါ်ကာလ ကို ဖြတ်သန်းလျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွား ရေးကဏ္ဍများကိုလည်းဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးကိုလည်း စီးပွားရေးဦးတည်ချက် တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ IMF မှတင်ပြသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များ၊ AMRO မှ တင်ပြသည့် အဓိက ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ADB မှ တင်ပြသည့် အာရှဒေသလယ်ယာစိုက်ပျိုးရေးစနစ် အသွင်ပြောင်း ဆောင်ရွက်သင့်သည့် မူဝါဒများအတွက် ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါအကြံပြုမူဝါဒနှင့် နည်းလမ်းများသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေး ကြိုးပမ်းဆောင် ရွက်မှုများတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပသည့် အစည်းအဝေး Formal Session တွင် အာဆီယံ+၃ နိုင်ငံများ၏ မူဝါဒရေးရာကိစ္စရပ်များနှင့် အကောင် အထည်ဖော်မှု၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေး ခဲ့သည်။
ယခုကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရေးအတွက် ၂၀၂ ခုနှစ် ဧပြီလတွင် ကျင်းပမည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Myanmar National Portal မှ သတင်းများ

回复

使用道具 举报

您需要登录后才可以回帖 登录 | 立即注册

本版积分规则

Archiver|手机版|小黑屋|缅甸猛找

GMT+8, 2025-1-19 20:39 , Processed in 0.044082 second(s), 24 queries .

X3.4

Copyright © 2001-2021, Tencent Cloud.

快速回复 返回顶部 返回列表